ကြွေပြားကပ်လုပ်ငန်းကို စစ်ဆေးရာမှ အများဆုံးတွေ့ရတတ်သော ပြဿနာများနှင့် ဆိုက်တော်တော်များများတွင်တွေ့ရသော အခက်အခဲမှာ သာမန်နည်းလမ်းဖြင့် ကြွေပြားကပ်ခြင်းဖြစ်သည်။( သဲအနည်းငယ်ရောစပ်သော မဆလာကိုခပ်ထူထူခင်းသောကြောင့် အလွှာလိုက်ကွာထွက်ခြင်းနှင့် ကွာထွက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။)
ထို့နောက် ကျတော်သည် ကြွေပြားကပ်ကော်နှင့်ပက်သက်၍ပိုမိုသိရှိနိုင်ရန် လေ့လာကြည့်သောအခါ စျေးကွက်ထဲတွင် တံဆိပ်အများအပြားကို တွေ့ရှိခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ပထမဆုံးစဉ်းစားရမည့်တံဆိပ်အနေဖြင့် Weber ကြွေပြားကပ်ကော်များမှ weber.tai cem (အပြာရောင်အိတ်)ကို ထောက်ခံပါသည်။ ဖြန့်ချိသူများ၏ အကြံပြုချက်အရ weber.tai cem သည် ဂရင်းနိုက်ကြွေပြား ၂’x၂’ ပတ်လည်ကြွေပြားများအတွက် ကိုက်ညီသောကြွေပြားကပ်ကော်အမျိုးအစားဖြစ်သည်။ စျေးနှုန်းနှင့် အရည်အသွေးထိုက်တန်သော ထုတ်ကုန်လဲဖြစ်သည်။ ထို့ကြောင့် weber.tai cem သည်စျေးနှုန်းအရရော အရည်အသွေးအရပါ အခြားသော တံဆိပ်များထက်သာလွန်နေပေသည်။ ထို့အပြင် Weber ၏ကြွေပြားကပ်ကော်အိတ်ခွံတိုင်းတွင် လူနှင့်သဘာဝပတ်ဝန်းကျင်ကို အလေးဂရုပြုသည့်အနေဖြင့် ထုတ်ကုန်အရည်အသွေးစံနှုန်းအဖြစ် low VOCs, Green Industry တို့အတိုင်း ထုတ်လုပ်ထားပါသည်။ ဤကြွေပြားကပ်ကော်သည် ကြွေပြားကပ်ရာတွင် စွဲကပ်အားကောင်းမွန်မှု လှပသောကြွေပြားများခင်းကျင်းနိုင်မည်ဖြစ်သည်။