Saint-Gobain သည် “အာရှ-ပစီဖိတ်၏ ထိပ်တန်း အလုပ်ရှင်များ 2017” အသိမှတ်ပြုခံရမှုကို ဒုတိယနှစ် အနေဖြင့်ဤနှစ်တွင် ဆက်လက်ရရှိခဲ့သည်

Saint-Gobain သည် “အာရှ-ပစီဖိတ်၏ ထိပ်တန်း အလုပ်ရှင်များ 2017” အသိမှတ်ပြုခံရမှုကို ဒုတိယနှစ် အနေဖြင့်ဤနှစ်တွင် ဆက်လက်ရရှိခဲ့သည် ဒီဇင်ဘာ ၈ ရက် ၂၀၁၆ တွင် Saint-Gobain သည် အာရှပစီဖိတ် ထိပ်တန်းလုပ်ငန်းရှင်၂၀၁၇ (Asia-Pacific 2017) တစ်ခု အနေဖြင့် အသိမှတ်ပြုခြင်းခံရပါသည်။ ယခုလိုချီးမြှင့်ခြင်းခံရသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး အုပ်စု၏ ကုမ္ပဏီများသည် အာရှ-ပစီဖတ်ဒေသတွင်း ပူးပေါင်းပါ၀င်မှုကြောင့် ဥရောပ အဆင့်တန်း ဂုဏ်ပုဒ်တစ်ခုဖြင့် ချီးမြောက်ခြင်းခံခဲ့ရပါသည်။ ပြည့်စုံကုံလုံပြီး ဘက်မလိုက်သော သုတေသန အသင်းအဖွဲ့၏ ဖော်ပြချက်အရ Saint-Gobain သည် အဖွဲ့အစည်း နယ်ပယ်အဆင့်ဆင့် တစ်လျှောက်လုံးတွင် အများနှင့်မတူ တမူထူခြားသော လုပ်သား အခွင့်အရေးများ၊ ပြုစုပျိုးထောင်မှုများ နှင့် ပင်ကိုစွမ်းရည် တိုးတက်မြင့်မားမှုများကို ထောက်ပံ့ ပေးထားသည်။ လူသားအရင်းမြစ်နယ်ပယ်တွင် ဦးဆောင်သူရှေ့ပြေး တစ်ဦးအနေဖြင့် ရပ်တည် နိုင်သည်ကို ဖော်ပြနိုင်သည့်အပြင် အလုပ်ခန့်အပ်သည့် နည်းနာများနှင့် အပ်စပ်မှုရှိအောင် အစဉ်တစိုက် ကြိုးပမ်း ချိန်ညှိ လျက်ရှိပါသည်။ ဤအသိမှတ်ပြုမှုကို အဖွဲ့အစည်း၏ မဟာဗျူဟာ၊ ပေါ်လစီ နှင့် ဦးစားပေးမှု၊ ပိုင်ဆိုင်မှု၊ အတိုင်းအတာ၊ နည်းနာများ နှင့် နည်းပညာထောက်ပံ့မှုစသည့်အချက်တို့အပေါ်အခြေခံကာ ကိုယ်တွေ့ ထောက်ခံမှုကို ရယူပြီးမှသာ ပေးအပ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ၄င်းသည် လုပ်သား၏ ကောင်းမွန်သော အနေအထား ဆိုသည်မှာ နယ်ပယ်အသီးသီးရှိလုပ်သားသည် ပညာရှင်ပီပီ ကိုယ်တိုင် တိုးတက်သင်ယူနိုင်မှုဟု ယူဆပါသည်။ ဤနည်းဖြင့်သာ ကုမ္ပဏီကို ကြီးထွား တိုးတက်စေနိုင်ပါမည်။ ဤအသိမှတ်ပြုမှု အစီအစဉ်တွင် အဆင့်ခြောက်ဆင့် သတ်မှတ်ထားပါသည်။ ၄င်းတို့မှာ - လူသားအရင်းအမြစ်ဆိုင်ရာ ကောင်းမွန်သော အလေ့အထ စစ်တမ်း၊ ရရှိသော အဖြေများကို အတည်ပြုနိုင်မှု၊ ထိပ်တန်း အလုပ်ရှင် အဖွဲ့စည်းများ၏ ဘက်မလိုက် ပြင်ပ စာရင်းစစ် ကုမ္ပဏီများတွင် ကျင့်သုံးသော လုပ်ငန်းစဉ်များ၊ စနစ်နှင့် အချက်အလက်ဆိုင်ရာ စစ်တမ်းများ၊ နောက်ဆုံးဆင့် ရမှတ်တွက်ချက်ခြင်းနှင့် အသိမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း၊ အသိမှတ်ပြုမှုဆိုင်ရာ အဖြေထွက်ရှိချက်အပေါ် ပူးပေါင်းပါ၀င်သူများ၏ ကြားသိပုံ ဆက်ဆံမှု၊ အတွင်းသဘော နှင့် တုန်ပြန်အကြံပေးမှု ဆက်ရှင်တို့ပါ၀င်ပါသည်။ ဤအသိမှတ်ပြုမှုတွင် ပါ၀င်သောအဓိကလုပ်ငန်းစဉ်ဖြစ်သည့် ကောင်းမွန်သော လူသားအရင်းမြစ်ဆိုင်ရာ အလေ့အကျင့်ကောင်းများ စစ်တမ်းသည် လူသားအရင်းမြစ်ဆိုင်ရာ ခေါင်းစဉ်အားလုံးကို ခြုံငုံပြီး ပါ၀င်ထည့်သွင်းထားပါသည်။ ထိုထဲတွင် ပင်ကိုအရည်အသွေး မဟာဗျူဟာ၊ လုပ်အသားအင်အား အစီအမံ၊ သင်ကြားခြင်းနှင့် အကောင်ထည်ဖော်ခြင်း၊ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု၊ ဦးစီးဦးဆောင်မှု ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်လမ်းကြောင်းနှင့် ဆက်ခံမှု စီမံခန့်ခွဲခြင်း၊ အကျိုးနှင့် ရရှိနိုင်သောအခွင့်အရေးများ၊ အလေ့အထနှင့် အရည်အချင်းရှိ လုပ်သားများ ဆွဲဆောင်ရရှိရေး တို့ပဲ ဖြစ်ပါသည်။ ဤနှစ်တွင် အာရှ-ပစီဖိတ်၏ ထိပ်တန်း လုပ်ငန်းရှင်များအနေဖြင့် ပြောင်မြောက်ထူးခြားသော ကုမ္ပဏီ 13 ခုကို ချီးမြောက်အသိမှတ်ပြုခဲ့ပါသည်။

image001_03.jpg