ကြွေပြားနှင့်နှာကြောင်းတွင် အဖြူဂျိုးတက်ခြင်းမှကာကွယ်ခြင်း

ကြွေပြားနှင့် နှာကြောင်းကြားတွင် အဖြူဂျိုး၊ ဆားဂျိုး၊ ရေဂျိုး နှင့် ရေညှိတက်ခြင်းတို့သည် အပြင်ဧရိယာများတွင် ဂရင်းနိုက်၊ မာဘယ်လ်နှင့် သဘာဝကျောက်များကို ကပ်သောအခါတွေ့ရလေ့ရှိသည်။

ထိုအစွန်းအထင်းများသည် ရေပန်း၊ အဆောက်အဦး၊ ဟိုတယ်များ၏ဆိုင်းဘုတ်ကြီးများ၊ ရေအမြဲစီးဆင်းနေသောနေရာများတွင် ဖြစ်ပေါ်လေ့ရှိသည်။

အဖြစ်များသော ပြဿနာများနှင့် မေးခွန်းများ

Efflorescent formation

အဖြူဂျိုးတက်ခြင်း၏အကြောင်းရင်းများ

ဘိလပ်မြေနှင့်ရေတို့ဓာတ်ပြုရာမှ ထွက်ရှိလာသောဆားရေသည် ရေပေါက်ကလေးများမှတဆင့်အပြင်သို့တိုးထွက်ကာ လေထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်ဓာတ်ပြုကာ ကြွေပြားနှင့်နှာကြောင်းလိုင်းတလျှောက်တွင် ကယ်စီယမ်ကာဗွန်နိတ်အကြွင်းအကျန်ကို တင်ကျန်စေခဲ့ပါသည်

Efflorescent

အဖြူဂျိုးတက်ခြင်း၏အကြောင်းရင်းများ-၂

ရေစိမ့်ဝင်နိုင်သော နေရာများမှမြေအောက်ရေသည် ရွေ့လျားကာ အပေါ်မျက်နှာပြင်ပေါ်သို့တိုးထွက်လာခြင်းဖြစ်သည်။

အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သောနည်းလမ်းများ

အဖြူဂျိုးထွက်ခြင်း အကြောင်းရင်းများတွင် အောက်ပါတို့အသုံးပြုခြင်းကြောင့်
> သာမန်ဘိလပ်မြေ
> ရေစိမ့်သော မျက်နှာပြင်
> ပြောင်းလဲသော အပူချိန် နှင့် စိုထိုင်းဆ
> ဆားပါသော ရေ

> မြေအောက်ရေ နှင့်စိုက်ပျိုးရေးလုပ်ငန်းအနီးအနားမှရေကို အသုံးပြုခြင်း

 

    နည်းပညာထောက်ခံချက်နှင့် ဖြေရှင်းချက်များ

    ၁။ အပြင်ဧရိယာ သို့ စိုစွတ်သောဧရိယာတွင် ကြွေပြားကပ်ခြင်း
    Weber မှထောက်ခံအကြံပြုသည်မှာ
    •    weber.tai no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သောကြွေပြားကပ်ကော်
    •    weber.color no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သော နှာကြောင်းဖြည့်ကော်
    ၂။ အဆောက်အအုံတလျှောက်တွင် ရေသည်အပေါ်သို့တိုးခြင်း သို့ အောက်သို့စိမ့်ဝင်ခြင်းပါဖြစ်ပေါ်၍ ကြွေပြားကပ်ကော်အလွှာကိုပါ စိမ့်ဝင်ခြင်း 
    Weber မှထောက်ခံအကြံပြုသည်မှာ
    •    weber.dry tex ရေလုံမော်တာ သို့ weber.dry top ကျုံ့ဆန့်နိုင်သော ရေလုံမော်တာ
    •    weber.tai no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သောကြွေပြားကပ်ကော်
    •    weber.color no stain အဖြူဂျိုးတက်ခြင်းကို ကာကွယ်နိုင်သော နှာကြောင်းဖြည့်ကော်

    Find all our products near you in more than 2000 outlets