ကြွေပြားရွေးချယ်ခြင်း
အဖြစ်များသော ပြဿနာများနှင့် မေးခွန်းများ

ရေစုပ်ယူနှုန်းပေါ်မူတည်၍ ကြွေပြားရွေးချယ်ခြင်း
သာမန်ရေစုပ်နှုန်းရှိသောကြွေပြားများ (၃%ထက်ပိုသော)ဥပမာ- ကြွေပြား၊ အထွေထွေသုံးနံရံကပ်ကြွေပြားများ၊ မြေစေးကြွေပြားများ။ ရေစုပ်နှုန်းနည်းသောကြွေပြားများ(၀.၅%-၃%) ဥပမာ- ကျောက်ပြားကဲ့သို့ကြွေပြားများ၊ ဂရင်းနိုက်၊ ဂရနီတို၊ အရောင်တင်မြေစေးကြွေပြားများ၊ မာဘယ်လ်၊ စက်ရုံသုံးကြွေပြားများနှင့် ရေကူးကန်သုံးကြွေပြားများ။ ရေလုံးဝမစုပ်သောကြွေပြားများ(၀.၅%ထက်နည်းသော) ဥပမာ- မာဘယ်လ်ကြွေပြားများ၊ ကျောက်အတုများ၊ ဖန်မော့ဆက်များ၊ ပလတ်စတစ်မော့ဆက်များနှင့် ဖန်ကြွေပြားများ။ မှတ်ချက်- ကြွေပြား၏ရေစုပ်နှုန်းကို လွယ်ကူစွာတိုင်းတာနိုင်ရန် ကြွေပြား၏ကျောဘက်သို့ ရေအနည်းငယ်အစက်ချကြည့်ပြီး ရေစုပ်နှုန်းကိုစောင့်ကြည့်လေ့လာနိုင်သည်။

အသုံးပြုပုံပေါ်မူတည်၍ ကြွေပြားရွေးချယ်ခြင်း
ကြမ်းခင်းခင်းခြင်း: ကြမ်းခင်းအတွက်ထုတ်လုပ်ထားသော ကြွေပြားကိုသာရွေးချယ်သင့်သည် အဘယ်ကြောင့်ဆိုသော် ရေစိမ့်ဝင်မှုနည်းခြင်းကြောင့် ကြွေပြားကိုပို၍မာကျောစေပါသည်။ နံရံကပ်ကြွေပြားကိုလွဲမှားစွာအသုံးပြုမိပါက အလွယ်တကူပင်ကျိုးသွားနိုင်ပါသည်။ ကြမ်းခင်းကြွေပြားခင်းရခြင်း၏အဓိကရည်ရွယ်ချက်မှာ သန့်ရှင်းရလွယ်ကူစေရန်၊ လှပသော ကြံ့ခိုင်သောကြမ်းခင်းကို ရရှိစေရန်ဖြစ်သည်။ အလားတူဂုဏ်သတ္တိရှိသော ဂရင်းနိုက်နှင့် မာဘယ်လ်တို့ကိုလဲ အသုံးပြုနိုင်သည်။ နံရံကပ်ခြင်း: နံရံအတွက်ထုတ်လုပ်ထားသောကြွေပြားများသည်ပေါ့ပါးသောကြောင့် နံရံကပ်ကြွေပြားကိုသာရွေးချယ်သင့်သည်။ နံရံကပ်ကြွေပြားများသည် နံရံတွင်စွဲမြဲစေရန်ပုံစံထုတ်ထားပြီး ဆေးသုတ်ခြင်း နံရံကပ်စက္ကူကပ်ခြင်းတို့အစားအသုံးပြုနိုင်သည်။ အထူး အရောင်တင်ထားသောကြွေပြားများကို အပြင်နံရံများအတွက်အသုံးပြုနိုင်သည်။ ရေနှင့်အဆက်မပြတ်ထိတွေ့နေသောနေရာများတွင်ကြွေပြားကပ်ခြင်း: မျက်နှာပြင်ကြမ်းတမ်းသောကြွေပြားများကို ရေချိုးခန်းများ၊ လသာဆောင်များ၊ အဝတ်လျှော်သည့်နေရာများနှင့် ကားပါကင်များတွင်ချော်မလဲစေရန် အသုံးပြုသင့်သည်။ အလှအပအတွက်ကြွေပြားကပ်ခြင်း: ရောင်စုံကြွေပြားများကို အခန်းအလှဆင်ခြင်း ဥပမာ- ဧည့်ကြိုဆောင်၊ ဧည့်ခန်းများ၊ အိပ်ခန်းများ။ ရေရှည်ခိုင်ခံ့ရန်လိုအပ်သောနေရာတွင် ကြွေပြားကပ်ခြင်း: ကြံ့ခိုင်သောကြွေပြားများကို ကားရပ်နားရာနေရာများနှင့် စက်မှုလုပ်ငန်းများ အလေးချိန်သက်ရောက်သောနေရာများအတွက် ရွေးချယ်သင့်သည်။
ရေစုပ်အားမြင့်မားသောကြွေပြားနှင့်ရွှံ့စေးကြွေပြား
- ရေစုပ်အားမြင့်မားသော စီးရမစ် နှင့် ရွံ့စေး ကြွေပြားများအတွက်
အသုံးပြုရာတွင် လိုအပ်သောထုတ်ကုန်များ
ရေစုပ်ယူနှုန်းနည်းသောကြွေပြားများ
- ရေစုပ်သောကြွေပြားများ၊ ကြွေပြားများ၊ ဂရနီတို(၂'x၂' ပတ်လည်ထိ)
- ကြာရှည်ခံခြင်း
- အထွေထွေသုံးကြွေပြားများအတွက် အရည်အသွေးမြင့်ကြွေပြားကပ်ကော်
- ကြွေပြား၊ ဂရင်းနိုက်၊ ဂရနီတို၊ မာဘယ်လ် တို့ကိုအကြီးဆုံး ၂'x၂' ပတ်လည်အထိ နံရံရော ကြမ်းခင်းတွင်ပါကပ်နိုင်သည်။
- စွဲကပ်အား ၂ဆ
- နေရာအမျိုးမျိုးတို့တွင် အသုံးပြုနိုင်သည်။
ရေလုံးဝမစုပ်သောကြွေပြားများ
- ရေစုပ်နှုန်းနည်းသော၊ ရေမစုပ်သောကြွေပြားများကို အပြင် အတွင်းဧရိယာများတွင်အသုံးပြုခြင်း
- ရေကူးကန်တွင် ကြွေပြားကပ်ခြင်း
- ကြွေပြားအဟောင်းကိုမခွာပဲ အပေါ်မှအသစ်ထပ်ကပ်ခြင်း
- ရေစိမ့်ဝင်မှုကိုကာကွယ်နိုင်သည့်ဂုဏ်သတ္တိရှိသော ကြွေပြားကပ်ကော်
- မည်သည့်စိုစွတ်သောနေရာမဆို-ရေချိုးခန်း၊ မီးဖိုချောင်စသည့်နေရာတို့တွင် မည်သည့်ဆိုဒ် မည်သည့်ကြွေပြားအမျိုးအစားမဆိုကပ်နိုင်သည်။
- ပေါ့ပါးသောကြောင့် ၃၅%ပိုမို အသုံးပြုနိုင်သည်။
- ဖုန်ထွက်နည်းသည်။
- ပေါ့ပါးသောကြောင့် သယ်ယူပို့ဆောင်ရာတွင်စွမ်းအင်ချွေတာနိုင်၍ မည်သည့်ဆိုဒ် မည်သည့်ကြွေပြားအမျိုးအစားမဆိုကပ်နိုင်သည်။
အသုံးပြုရာတွင် လိုအပ်သောထုတ်ကုန်များ
လူသွားလူလာများသောဧရိယာများ
လူသွားလူလာများသောနေရာများတွင် ကြွေပြားဆိုဒ်၊ အမျိုးအစားအမျိုးမျိုးကိုကပ်ရာတွင် အပြင်နံရံတွင်ဖြစ်စေ အခြားမည်သည့်နေရာတွင်ဖြစ်စေ အထူးဂုဏ်သတ္တိရှိသောကြွေပြားကပ်ကော်လိုအပ်ပါသည်။
- လူသွားလူလာများသောနေရာများ-စက်ရုံဧရိယာများတွင် ကြွေပြားကပ်ခြင်း
- ကြွေပြားအဟောင်းကိုမခွာပဲ ကြွေပြားထပ်ကပ်ခြင်း
- သစ်သား၊ဘိလပ်မြေ-ဖိုင်ဘာပြားများပေါ်တွင် အောက်ခံဆေး weber.prim 2 ဖြင့်တွဲဖက်အသုံးပြုခြင်း
အသုံးပြုရာတွင် လိုအပ်သောထုတ်ကုန်များ
အတွင်းပိုင်းနံရံတွင် ကြွေပြားခင်းရန်အတွက်
အတွင်းပိုင်းရှိ အထူးမျက်နှာပြင်များဖြစ်သည့် သစ်သား၊ ဖိုင်လ်ဘာ စီးမန့်ဘုတ်၊ သစ်သား စီးမန့်ဘုတ်နှင့် နဂိုကြွေပြားပေါ်သို့ ကြွေပြားကပ်ရန်
- weber.fix pro
- မီးဖိုချောင်နှင့် ဧည့်ခန်းအစရှိသော ဧရိယာတို့တွင် မိုးဆိတ်နှင့် အထွေထွေ ကြွေပြားကပ်ကော်
- ဖျော်စပ်ပေးစရာမလိုဘဲ ကွန်ကရစ်နံရံ၊ သစ်သားနံရံ၊ ဂျစ်ဆမ်ဘုတ်နှင့် သစ်သား စီးမန့်ဘုတ်၊ ပေါ့ပါးဘလောက်နံရံနှင့် နဂိုကြွေပြားဟောင်းပေါ်သို့ ကြွေပြားကပ်နို်င်သည်။
- weber.fix plus
- ရချိုးခန်း၊ အိမ်သာအစရှိသော စိုစွတ်တတ်သော အတွင်းပိုင်းဧရိယာများတွင် မိုးဆိတ်ကြွေပြားများခင်းရန် အသင့်သုံးကြွေပြားကပ်ကော်။
- ဖျော်စပ်ပေးစရာမလိုဘဲ ကွန်ကရစ်နံရံ၊ သစ်သားနံရံ၊ ဂျစ်ဆမ်ဘုတ်နှင့် သစ်သား စီးမန့်ဘုတ်၊ ပေါ့ပါးဘလောက်နံရံနှင့် နဂိုကြွေပြားဟောင်းပေါ်သို့ ကြွေပြားကပ်နို်င်သည်။
ပလတ်စတစ် သို့ သတ္တုပေါ်တွင် ကြွေပြားကပ်ခြင်း
ပလတ်စတစ် သို့ သတ္တုမျက်နှာပြင်ပေါ်သို့ ကြွေပြားကပ်ရာတွင် ဖန်မော့ဆက်များနှင့် ရေကူးကန်တွင်သုံးသော နှာကြောင်းဖြည့်ကော်တို့သည် သင့်တော်၍ မည်သည့်လူသွားလူလာများသောနေရာ-စက်ရုံများ၊ ဆေးရုံများ အတွက်လဲသင့်လျော်သည်။
- ကြွေပြားကပ်ကော်အဖြစ်ရော နှာကြောင်းဖြည့်ကော်အဖြစ်ပါ ၂မျိုးလုံးအသုံးပြုနိုင်သည်
- အထွေထွေသုံးကြွေပြားကပ်ကော်များထက် စွဲကပ်အားပိုမိုကောင်းမွန်သည်
- အက်စစ်ဒဏ်၊ အယ်ကာလိုင်းဒဏ်ကိုကောင်းစွာ ခံနိုင်သည်
- ပြင်းထန်သောဓာတုဒြပ်ပေါင်းများ ကိုလဲခံနိုင်သည်
- ရောဂါပိုးမပေါက်ဖွားနိုင်ပါ
အသုံးပြုရာတွင် လိုအပ်သောထုတ်ကုန်များ
Find all our products near you in more than 2000 outlets