ကြွေပြားကပ်ကော်ဖြင့် ကြွေပြားကပ်ခြင်း

အဖြစ်များသော ပြဿနာများနှင့် မေးခွန်းများ

Thumbnail

ကြွေပြားကျွတ်ထွက်ခြင်း

Thumbnail

ကြွေပြားဆွဲအားလျှော့နည်းမှုကြောင့် ကွဲထွက်ခြင်း

ကြွေပြားကျွတ်ထွက်ရသည့် အကြောင်းအရာများ

  • ကြွေပြား၏ကျောဘက်သို့ သာမာန်ကြွေပြားကပ်ဘိလပ်မြေဖြင့် ခင်းကျင်းခြင်းသည် ကြွေပြားကြမ်းခင်းတွင် လေခိုနိုင်သော လေဟာနယ်ဖြစ်ပေါ်စေသည့်အတွက် ကြွေပြားကျွတ်ထွက်ခြင်းများကို နောက်ဆက်တွဲပြဿနာ အနေဖြင့်တွေ့မြင်ရမှာ ဖြစ်ပါသည်။ ကြွေပြားကြားမှတစ်ဆင့် ရေစိမ့်ဝင်မှုကြောင့်လည်း အနီးတဝှိုက် ဧရိယာကို ထိခိုက်စေနိုင်ပါသည်။

  • ပုံတွင်ပြထာသည့်အတိုင်း မှာယွင်းသော သံလက်ဖြင့် (သို့မဟုတ်) မှားယွင်းသော ခင်းကျင်းနည်း (ပုံခင်းနည်း)ကိုအသုံးပြု ခင်းကျင်းပါက ကြွေပြားကြမ်းခင်းအောက်ရှိ မဆလာသား၏ စွမ်းဆောင်ရည်ကို ကျဆင်းစေပါသည်။ နောက်ဆက်တွဲအနေဖြင့် ကြွေပြားကျွတ်ထွက်ခြင်းမျိုး ပြဿနာကို တွေ့ကြုံရမှာ ဖြစ်ပါသည်။ 

  • ဘီးသံလက်နှင့် ကောင်းမွန်သော ကြွေပြားကပ်ဘိလပ်မြေကော်ကိုတွဲ အသုံးပြုပေးခြင်းဖြင့် မျက်နှာပြင်ပေါ်ရှိ ကြွေပြား၏ဆွဲအားကို အထူးကောင်းမွန်စေပါသည်။ စွမ်းဆောင်ရည် ပိုမိုထိရောက်လာစေရန် အရွယ်အစားကြီးမားသော ကြွေပြားများကိုခင်းကျင်းရာတွင် ကြွေပြား၏ကျောဘက်သို့ မဆလာသား နှံစပ်အောင်သုတ်လိမ်းပေးဖို့ အကြံပြုပါသည်။ 

  • ကြွေပြားကပ်ဘိလပ်မြေကော်ကိုအသုံးပြုပြီး ခင်းကျင်းပါက ကြွေပြားကိုရေစိမ်စရာ မလိုပါ။ ရေစိုစွတ်မှုကြောင့် ကြွေပြားနှင့် မဆလာသားကြား ဓာတုသက်ရောက်မှုကို ထိခိုက်စေနိုင်သည်။ ထိုသို့ ပြုလုပ်မိပါက ကြွေပြားဆွဲအားကို ယုတ်လျှော့စေပြီး နံရံကပ်ကြွေပြားများကို ချော်ထွက်စေနိုင်ပါသည်။

  • အရွယ်အစားကြီးမားသော ကြွေပြားများကို ခင်းကျင်းရာတွင် သာမာန်ရိုးကျနည်းလမ်းပုံခင်းနည်းအတိုင်း ရိုးရိုးဘိလပ်မြေအသုံးပြုကာ မျက်နှာပြင်ညှိခင်းကျင်းပါက ထောင့်ချိုးနေရာတစ်လျှောက်တွင် ကြွေပြားပေါက်ထွက်ခြင်းများကို ဖြစ်ပေါ်စေပါသည်။

  • အရွယ်အစားကြီးမားသော ကြွေပြားများခင်းကျင်းရာတွင် ပိုလီမာဓာတ် ရောစပ်ဖွဲ့စည်းထားသော စွမ်းဆောင်ရည်မြင့်မား ကြွေပြားကပ်ဘိလပ်မြေကော်ကို ညွန်ကြားချက်အတိုင်း အသုံးပြုပေးရန် အကြံပြုပါသည်။ 

အသုံးပြုရာတွင် လိုအပ်သောထုတ်ကုန်များ