ရေကူးကန်တည်ဆောက်ခြင်း ချောင်းသာကမ်းခြေဟိုတယ်

Weber.tai gres and weber.color HR 

ရေကူးကန်သည် ပင်လယ်ရေမျက်နှာပြင်နှင့်နီးကပ်သော ဖို့မြေပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။ မြေအနေအထားသည်လဲ သဲ မီးခတ်ကျောက်ရောထားသော မတည်ငြိမ်သည့်မြေပေါ်တွင် တည်ရှိပြီး မြေအောက်ရေမျက်နှာပြင်သည်လဲ မြေမျက်နှာပြင်မှ လက်မအနည်းငယ်သာ နိမ့်လေသည်။ ရေကူးကန် အမှန်တကယ်တည်ဆောက်ရာတွင် ပုံမှန်အားဖြင့် အနည်းငယ်မြှင့်၍တည်ဆောက်သင့်ပေသည်။ ထိုကဲ့သို့ တည်ဆောက်မည်ဆိုလျှင် မြေအောက်ရေတိုးခြင်းပြဿနာကိုဖြေရှင်းပေးနိုင်သလို တည်ဆောက်မှုနည်းလမ်းများ ရှုပ်ထွေးခြင်းကိုလဲရှောင်ရှားနိုင်မည် ဖြစ်သည်။

မြေသား တည်ငြိမ်မှုဆိုင်ရာနည်းလမ်းများ ကိုလုပ်ငန်းခွင်၏နေရာတော်တော်များများ အထူးသဖြင့်ကားပါကင် တွင်အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော် ကုန်ကျစရိတ်သက်သာနိုင်သမျှ သက်သာအောင် ဂရုတစိုက်ကိုင်တွယ်မှသာ သတ်မှတ်ထားသော ဘတ်ဂျတ်အတွင်းပြီးစီးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် weber.tai gres နှင့် weber.color HR တို့ကို ရေကူးကန်သုံး ကြွေပြားကပ်ကော်နှင့်နှာကြောင်းဖြည့်ကော်အဖြစ် ၄င်းတို့၏ စွဲကပ်အားကောင်းမွန်မှု ကြာရှည်ခံမှု ကုန်ကျစရိတ်သက်သာမှုတို့ကြောင့် ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။