Saint Gobain သည် ၂၀၁၈ခုနှစ်အတွက် အာရှ-ပစိဖိတ်ထိပ်တန်း လုပ်ရှင်အဖြစ် တတိယနှစ်အဖြစ် ဆက်တိုက် ချီးမြင့်ခြင်းခံရ

ထိပ်တန်း လုပ်ငန်းရှင်များ အသင်း သည် ဘက်မလိုက်သည့် အသင်းအဖွဲ့ဖြစ်ပြီး နေသာလန်နိုင်ငံတွင် အခြေစိုက်ပါသည်။ ကမ္ဘာနိုင်ငံပေါင်း 20 တွင်းစာရင်းသွင်းထားသော ကုမ္ပဏီများကို ကမ္ဘာထိပ်တန်း လုပ်ငန်းရှင်များ အမည်နာမ ကိုပေးအပ်ချီးမြင့်လျက်ရှိပါသည်။ နိုင်ငံပေါင်း 28 နိုင်ငံရှိ လုပ်ငန်းအခြေအနေပေါင်း 600 ကို စီစစ်လျက် ပေးအပ်နေပါသည်။ ၄င်းနိုင်ငံများမှာ - Australia, Austria, Belgium, Brazil, Canada, China, Colombia, Czech Republic, Denmark, Estonia, Finland, France, Germany, Ireland, Italy, Japan, Malaysia, Mexico, Netherlands, Poland, Romania, South Africa, South Korea, Spain, Sweden, Thailand, United Kingdom and United States.

Top Employer Asia-Pacific 2018

“TOP EMPLOYER APAC-PACIFIC 2018”

Saint Gobain သည် Top Employers Institute ၏အာရှ-ပစိဖိတ်နှင့် အိန္ဒိယနိုင်ငံတို့အတွက် အကောင်းဆုံးအလုပ်ရှင် အဖြစ်ရွေးချယ်ခြင်းခံရပါသည် ၄င်းတို့သည် ကုမ္မဏီများ၏ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုအားလေ့လာနေသော လွတ်လပ်သောအဖွဲ့အစည်းတခုဖြစ်သည်။ ယခုအသိအမှတ်ပြုခြင်းကို တရုတ် ဂျပန် တောင်ကိုရီးယား ထိုင်း မလေးရှား သြစတေးလျ နှင့် အိန္ဒိယ (ပထမဆုံးအကြိမ်) တို့တွင် ကောင်းမွန်ပျော်ရွှင်ဖွယ်ရာ လုပ်ငန်းခွင်ကို ဖော်ဆောင်ပေးနိုင်သောကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးပါသော အသင်းအဖွဲ့များအားလုံးကိုလဲ ဂုဏ်ပြုအပ်ပါသည်။

Top Employer Institute မှ အရည်အချင်းပြည့်မီကြောင်းသတ်မှတ်ခြင်းကို လုပ်ငန်းစု၏ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု မူဝါဒ မဟာဗျူဟာများ ဦးစားပေးလုပ်ငန်းစဉ်များ ပိုင်ဆိုင်မှု အတိုင်းအတာနှင့် နည်းပညာထောက်ပံ့မှုတို့ပေါ်တွင်အကဲဖြတ်ခြင်းဖြစ်သည်။ The Top Employers Institute သည် တကမ္ဘာလုံးရှိ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းများကိုဖန်တီးပေးနေသောအလုပ်ရှင်များအား ထောက်ခံပေးနေသောအဖွဲ့အစည်းဖြစ်သည်။ ၂၀၁၇ခုနှစ်တွင် နိုင်ငံပေါင်း ၁၁၆နိုင်ငံမှ အလုပ်သမားပေါင်း ၅သန်းကျော်ထိရှိသော အဖွဲ့အစည်းပေါင်း ၁၂၄၀ကို ထောက်ခံချက်များပေးအပ်ခဲ့ပြီးဖြစ်သည်။လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်းဖြင့် လူတွေ၏ပင်ကိုယ်အရည်အသွေး လုပ်ငန်းခွင်အရည်အသွေးကို ပိုမိုတိုးတက်စေနိုင်ပါသည်။ ထိုမှတဆင့် ကုမ္မဏီ၏အကျိုးစီးပွားကိုလဲပိုမိုတိုးတက်စေပါသည်။

ဤဆုကို ပေးအပ်ချီးမြင့်ရာတွင် ထည့်သွင်းစဉ်းစားသည့် အဆင့် ၆ဆင့်အထိ ရှိပါသည်။ ၄င်းမှာ လူ့အရင်းအမြစ်နှင့်အညီ ကောင်းမွန်သော ကျင့်ဝတ်သေသပ်မှု စစ်တမ်း, ရရှိသောအဖြေရလဒ်များ မှန်ကန်မှု, Top Employers Institute၏ နည်းနာများနှင့်ကိုက်ညီမှုရှိသော ပြင်ပ သီးခြားစာရင်းစစ်အဖွဲ့အစည်းမှ ရရှိသော ရလဒ်များ, လုပ်ငန်းစဉ်အဆင့်များ, အချက်အလက်နှင့် စံနစ်များ, နောက်ဆုံးရလဒ် တွက်ချက်ခြင်းနှင့် ဆုပေးအပ်ချီးမြင့်ခြင်း, ဆုပေးအပ်မှုအတွက် ပူးပေါင်းပါဝင်သူများအား အသိပေးကြေငြာခြင်း, အချက်အလက်သုံးသပ်ချက်နှင့် တုံ့ပြန်ချက်များ ကြားနာစစ်ဆေးခြင်းတို့ပဲ ဖြစ်ပါသည်။ 

ဆုပေးအပ်မှုအတွက် စီစစ်ရာတွင် ပါဝင်သော အဓိက အပိုင်းကဏ္ဍအတွက် လူအရင်းအမြစ်ခေါင်းစဉ် တစ်ခုလုံးလွမး်ခြုံမှုရှိသော အကောင်းဆုံး လူအရင်းမြစ် ကျင့်သုံးမှုများသာ ထည့်သွင်းစဉ်းစား ကြပါသည်။ ၄င်းတို့မှာ ပင်ကိုစွမ်းရည်ဆိုင်ရာ ဗျူဟာများ၊ လုပ်သားစွမ်းအား စီမံချက်များ၊ တာဝန်လက်ခံ ရယူမှုများ၊ သင်ယူမှုနှင့် ဖွံ့ဖြိုးမှုများ၊ စွမ်းဆောင်ရည် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်စွမ်းရည် ဖွံ့ဖြိုးမှု၊ အလုပ်လမ်းကြောင်းနှင့် ဆက်ခံရယူမှု စီမံချက်၊ လုပ်အားလခ နှင့် အကျိုးအမြတ်ပေးအပ်ခြင်း၊ ယဉ်ကျေးမှုနှင့် အရည်သွေးရှိ လုပ်သားရယူမှု ဖြစ်ပါသည်။

ဤနှစ်တွင် အာရှပစိဖိတ် အကောင်းဆုံးဆု တွင် ထူးထူးချွန်ချွန် ဆွတ်ခူးရယူသော ကုမ္ပဏီပေါင်း ၁၄ ခုသာ ပေးအပ်ခဲ့ပါသည်။